ဆန္ဒပြလယ်သမားကို အာဏာပိုင်က အကြမ်းဖက်ဖြိုခွဲ ပြီ.....

on Tuesday, July 31, 2012

(လွှတ်တော်မှာ ဆွေးနွေးနေကြတာ တွေလယ်သမားတွေရဲ့ အရေးကို ပြန်ကြည့်ဖို့ ကောင်းတယ်..အချိန်တွေ ပုတ်တယ် ခုထိ အာချောင်နေကြတယ် ဘာမှ ဖြစ်မလာသေးဘူး)

  1. ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့မှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြတဲ့ လယ်သမား အယောက် (၂၀၀) နီးပါးကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲခဲ့ပြီး လယ်သမား (၅) ဦးကို ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မည့် ကျော်ကျော်မျိုးနှင့် စကားပြောခြင်း

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ရွေးချယ်ခံထားရသည့်ကမ္ဘောဇအသင်းမှနောက်တန်းကစားသမား ကျော်ကျော်မျိုး
အား အသင်း၏ပြန်ကြားရေးအရာရှိကတွေ့ဆုံမေးမြန်းခဲ့သည်ကို kbzfc.com မှတဆင့် ပြန်လည်ဖော်ပြ အပ်ပါ သည်။

တိုင်းသူပြည်သားများ အသဲနှလုံးပေါ်မှာ ကဗျဉ်းထိုးပြီး မှတ်သားထားကြပါ..။

Khu Daun

တိုင်းသူပြည်သားများ
အသဲနှလုံးပေါ်မှာ ကဗျဉ်းထိုးပြီး မှတ်သားထားကြပါ..။

လူဟုခေါ်သည့် ပုံရိပ်များ

          နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အလှူရှင်များအား မေတ္တာလက်ဆောင် (ကန့်သတ်)အဖြစ် ပြန် လည်ပေးအပ်သည့် “လူမှုရေးဂီတသူရဲကောင်းများ” MTV Vol:2 အခွေအတွက် ၃ဝ.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ မြောက်ဒဂုံမြို့နယ် အဆောက် အဦး အနောက် ဖက်တွင် စီးဆင်းနေသော ငမိုးရိပ်ချောင်းအတွင်း၌ MTV ရိုက်ကူးမှု အစီအစဉ်အား ပြုလုပ် ခဲ့သည်။ ယင်းရိုက်ကူးမှု တွင် တေးသံရှင် လင်းလင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများမှ ခဲရာခဲဆစ် ကြိုးစားပမ်းစား ရိုက်ကူးခဲ့ကြသည်။

ဒီလို Population မျိုးကို ဘယ်လို ထိန်းမလဲ အဖြေရှာသင့်ပါပြီ။ Yan Aung

on Monday, July 30, 2012

ဒီလို Population မျိုးကို ဘယ်လို ထိန်းမလဲ အဖြေရှာသင့်ပါပြီ။

ဘင်္ဂါလီများ၏ မွေးဖွားနှုန်းနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ဘင်္ဂါလီ ဦးရွှေရောက်ဒူလာ မိသားစုအကြောင်းကို ဥပမာပေး ပြောကြားခဲ့ပြီး ဦးရွှေရောက်ဒူလာတွင် မိန်းမ လေးဦး၊ သားနှင့်သမီး ၂၈ ဦး၊ မြေးများ ၄၉ ဦး စုစုပေါင်း မိသားစုဝင် ၈၂ ဦး ရှိကြောင်းနှင့် မွေးဖွားနှုန်းကို ဖော်ပြရန် "စကားလုံး ရှာလို့ မရနိုင်ကြောင်း" ပြောကြားခဲ့သည်။

လယ်သိမ်းခံရပြီး နစ်နာကြေးမရတဲ့ လယ်သမားတွေ ဆန္ဒဖော်ထုတ် BBC

31.07.2012
စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အတွင်းက ရွာပေါင်း(၄)ရွာက လယ်ဧက(၄၀ဝ)ကျော် နှစ်နာကြေးမရဘဲ သိမ်းဆည်း ခံထားရတဲ့ လယ်သမားတွေက လယ်ယာမြေပြန်ရရေးအတွက် မနေ့က လယ်သမား(၁၀ဝ)ကျော် ဆိုင်းဘုတ်ကိုင်ပြီး ပထမအ ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာသံအမတ်သစ်ခန့်အပ်လွှာ အိုဘားမား လက်ခံ

31.07.2012
       အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ ဦးသန်းဆွေဟာ ဇူလိုင်လ ၃၀ ရက်နေ့က အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားထံ သူ့ရဲ့ သံအမတ် ခန့်အပ်လွှာ ကို ပေးအပ်ခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်နှင့် CNA ရုပ်သံတွေ့ဆုံမေးမြန်းခြင်း

နိုင်ငံတော်သမ္မတဦးသိန်းစိန် - ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာ များပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ကြိုဆိုပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြော

  RFA

31.07.2012 
မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

တရားမျှတမှုကိုသာ အမေတောင်းဆိုတယ်

တရားမျှတမှုကိုသာ အမေတောင်းဆိုတယ်

ခြေထောက်တွေကို
ခြေချင်းခတ်ခံရပီးတဲ့နောက်
ထွက်သွားတဲ့ည …..

တပ်မတော်အစိုးရ ယန္တရားက ထိန်းချုပ်ထားဆဲ

(Scotman News မှ 29 July 2012ရက်စွဲပါ “Burma’s military still in control”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ရှုပ်ထွေးသောရန်ကုန်မြို့တော်လမ်းဆုံမီးပွိုင့်တစ်ခုတွင်ပျင်းရိငြင်းငွေ့နေပုံရသောစစ်သားနှစ်ဦးသည် အော်တို
မတ်တစ်ရိုင်ဖယ်သေနတ်ကိုင်၍ မတ်တပ်ရပ်နေကြသည်။ တပ်မတော်(သို့)စစ်တပ်ကကာလများစွာ လွှမ်းမိုး ထားခဲ့သောနိုင်ငံတွင် ယခုလိုစစ်သားနှစ်ဦးသာတွေ့ရသော ဤမြင်ကွင်းသည် ထူးဆန်းသည်။

၂၀၁၃ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်သွားမည်

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နှစ် ၂၀၁၃ ခုနှစ် ချယ်ရီပန်း တွေ ပွင့်ချိန် မတ်လ ကုန်လောက် ဂျပန်နိုင်ငံကို သွားဖို့ရှိတယ်လို့ AP သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလ က ဂျပန် နိုင်ငံခြားရေး ၀န်ကြီး မြန်မာနိုင်ငံကို လာစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပြီး ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

Monday, July 30, 2012  အိမ့်သံစဉ်

ဂိတ်စ...ဂိတ်ဆုံး

ဗျိုင်းတို့သည် ဟိုယခင်အခါဆီက လည်ပင်းမရှည်ကြသေးချေ။
ကြည့်ကောင်းရုံ အတော်လောက်သာဖြစ်သည်။
မိကျောင်းတွေ ဘာကြောင့် လျှာမပါတာလဲ။
ပျံလွှားငှက် ဘာကြောင့် အမြီးနှစ်ခွဖြစ်နေတာလဲ စသောကိစ္စတွေလို သူတို့မှာလည်း နောက်ကြောင်းရာဇဝင်ရှိ၏။
ဗျိုင်းတွေ လည်ပင်းရှည်ရခြင်းမှာ ဘတ်စ်ကားစောင့်ရသော ကြောင့်ဖြစ်လေ၏။
.....xxxxx.....xxxxx.....xxxxx.....

“အမေ့သား စကားတိုးတိုး ပြောလှည့်ပါ ”

“အမေ့သား စကားတိုးတိုး
ပြောလှည့်ပါ ”

ကာရံချိုမြ
သွေးစစွန်းထင်းနေတယ် ။
တယောကြိုးလည်း
တီးတိုးငိုကြွေးနေတယ် ။

စစ်ကိုင်းမှာ လယ်သမားတွေ ဆန္ဒပြ

မိမိတို့ ရပိုင်ခွင့်တွေကိုတောင်းဆိုတာ တရားတယ်

တရားတဲ့ ဆန္ဒပြတာတွေကို အမြဲကြိုဆိုပါတယ်။

2012-07-30
စစ်ကိုင်းမြို့မှာရှိတဲ့ စက်မှုဝန်ကြီးဌာန လက်အောက်ခံ ဆေးဝါးနဲ့ စားသောက်ကုန်လုပ်ငန်း စက်ရုံရှေ့မှာ ဒီကနေ့ မနက်ပိုင်းက ကျေးရွာ (၆) ရွာက တောင်သူ (၂၀၀) လောက် စုဝေးပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က စစ်ကိုင်းမြို့ ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း စက်ရုံရှေ့တွင်ကျေးရွာ (၆) ရွာက တောင်သူများ စုဝေးပြီး ကြွေးကြော် ဆန္ဒပြနေကြစဉ်။
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အမှတ် (၁) စက်မှုဝန်ကြီးဌာနရဲ့ အဓမ္မ သိမ်းယူခံခဲ့ရတဲ့ လယ်ယာမြေတွေကို ပြန်ရ လိုကြတဲ့အတွက် အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြတောင်သူ တစ်ဦးက RFA ကို ပြောပါတယ်။

အမလေးတော်ရေ

လယ်သမားကြီး.. ဦးသာအောင် စပါးစိုက်ကာ ပြည်ကျိုးဆောင်...။
မသာကောင်..ခွေးမသား လယ်တွေသိမ်းဖို့သူကြိုးစား. ...။
မအေပေးကပင်းနေတာ...ပြည်သူတိုင်သမျှသူမကြားပါ...။

သမိုင်းသစ်ဖွင့် ရှစ်ဆယ့်ရှစ်

လူပင်လယ် 
လှိုင်းတံပိုးတွေကြား
တာဝန်ကိုယ်စီ ရွက်ခဲ့ကြတဲ့နေ့ ...။

သမ္မတတို့၏ ပါဝါ

သတင်းထောက်တစ်ဦး
“အယ်လ်ကိုင်းဒါး နဲ့ အစ္စလာမ် စစ်သွေးကြွတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ အမေရိကန်တွေဟာ ရက်စက် ကြမ်းကြုတ်လွန်းတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်” အဲဒါ ဟုတ်ပါသလား..။

ပခုက္ကူ ခရိုင် မြိုင်မြို့ နယ် အတွင်း မိုးခေါင်ရေရှားမှု ဒါဏ်ခံနေရသော ကျေးရွာများ နှင့် ပတ်သက်ပြီး လူထုသို့ ပန်ကြား အသိပေးချက်။

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ တာဝန်သိသူ ကိုနေမျိုးဇင် နှင့် ကိုခင်ကျော်တို့သည် ဇူလိုင်လ ၂၇ မှ ဇူလိုင်လ ၃၀ ရက်ထိ သုံးရက်ကြာ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက် များ အဖြစ် ပခုက္ကူ ခရိုင်   မြိုင်မြို့နယ် သို့ သွားရောက်ခဲ့ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကန်တာနာနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်

ယနေ့ ဇူလိုင်လ ၃၀ ရက် ညနေ ၄း၄၀ နာရီတွင် ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ UNDP ရုံး၊ ဦးသန့်ခန်းမတွင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဂျေ ကန်တာနာနှင့် ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

ပေါ်လစီမို့ ဖျက်တာ.သိမ်းတာပါ...

on Sunday, July 29, 2012

စာအုပ် (ကမာပုလဲ)

ခေတ်ကိုလည်း ကိုယ်စားပြုတယ်
အရပ်ဒေသမရွေး မှတ်ကျောက်တင်ခံတယ်။

စကားလုံးတွေက သိပ်သည်းကျစ်လျစ်
အနက်အဓိပ္ပာယ်တွေက ရိုးရှင်း ကျယ်ပြန့် … ။

ကိုရဲမင်းထွန်း နှင့်မနန္ဒာ တို့ ၏ ရင်ထဲက 8888 ရင်တွင်းဖြစ်

★ စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ

★ စဉ်ထာဝရ မေ့ မရ..တဲ့ ၈၈၈၈ ၏ ပုံရိပ်များ။ video (၈၈၈၈) ကို download လိုပါက ဒီမှာ ယူကြပါ။ ★

Part 1. http://www.mediafire.com/download.php?aaazgam9azk

ရှစ်လေးလုံးစိတ်ဓါတ် .... တက္ကသိုလ် ဘုန်းကြွယ်

ရှစ်လေးလုံးစိတ်ဓါတ်

(အသက်သွေးပေးဆက်ခဲ့သောရဲဘော်
ရဲမက်များကိုဦးညွတ်လျက်)

လူ့အခွင့်ရေးနဲ့ဒီမိုကရေစီအရေး
တပါတီစနစ်ဖြုတ်ချရေး
ကြားဖြတ်အစိုးရဖွဲ့စည်းရေး…။

ဝိတ်ပြားရှင်နှင့် နှစ်ကျပ်ခွဲရွာမှ ဇာတ်လမ်းတစ်ပုဒ်

                       ဒီ ကျေးဇူးရှင်တခြမ်းပဲ့ မေတ္တာ တုံးကို အပီ  ဆီသွတ်ပေးအုံးမှာ

ကမ္ဗည်းတွင်ရစ်မည့် သမိုင်းသစ်

ညစ်ထေးထေးခေတ်ထဲ
အလျားလိုက် ဖြတ်သန်းစဲ
ပျော်ရွှင်မှု ကွဲကြေ
မွန်းကြပ်ပူလောင်ခြင်းတွေ သန္တေတည်ခဲ့ပြီ ။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရေး ဖို့ဒ်ဝိန်း မိသားစု ပြင်ဆင်

2012-07-29

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လာမယ့်စက်တင်ဘာလ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ အင်အားအပြည့်နဲ့ ကြိုဆိုနိုင်ရေး အတွက် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများဆုံး နေထိုင်ရာ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့မှာ ပြင်ဆင်နေကြပါတယ်။

ဇူလိုင်၂၉ ရက်နေ့ ဗြဟ္မစိုရ်ခြေလှမ်း ဒိုင်ယာရီများ (ကျော်သူ)

၂၉.၇.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဦးကျော်သူမှ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ်(၂၉)ရပ်ကွက် နာရေးကူညီမှုအဖွဲ့ (၆) လပြည့် အထိမ်းအမှတ် ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့ အသင်းသူ/သားများဖြင့် တက်ရောက်ချီးမြှင့် အားပေးစကားပြောကြားခဲ့သည်။

ဥက္ကဌဦးကျော်သူမှ နှုတ်ခွန်းဆက် စကားပြောကြားရာတွင် “(၆) လသား ရှိပြီဖြစ်သော ၂၉ ရပ်ကွက်၊ မြောက်ဒဂုံ နာရေးကူညီမှုအဖွဲ့သို့ မိမိရောက်ရှိရာ၌ အထူးဝမ်းသာ ကျေနပ်အံ့သြမိကြောင်း၊ ယခင်စတင် ဖွင့်လှစ်ချိန် ကာလများ ထက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးအသင်း၏ ရုပ်ဝတ္ထုအဆောက်အဦးများ တိုးတက်မြင့်မား လာသည် ကို တွေ့ရှိ ရကြောင်း၊ ရုပ်ဝတ္ထု တိုးတက်မြင့်မားလာသလို စိတ်ပိုင်းဆိုင်ရာများလည်း တိုးတက်မြင့်မားမှုရှိရန်လည်း လိုအပ်ကြောင်း၊ ယခုကဲ့သို့ မြန်မာပြည်အရပ်ရပ် မြို့နယ်တိုင်း၊ ရပ်ကွက်တိုင်းတွင် လူမှုရေးအသင်းအဖွဲ့များ များပြားလာသည်မှာ အများပြည်သူ လူထုတို့အတွက် များစွာအကျိုးရှိကြောင်း၊ ထိုကဲ့သို့ အသင်းအဖွဲ့များ ပေါ်ပေါက်လာမှုသည် ရည်ရွယ်ချက်၊ ဦးတည် ချက် မပျောက်ရန်လိုအပ်ကြောင်း၊ မိမိနာမည်ကြီးရေး၊ မိမိအသပြာကြေးငွေရရှိရေး၊ အခြားအသင်းအဖွဲ့များအား ဂုဏ်တုဂုဏ်ပြိုင် ယှဉ်ပြိုင်ရေး အစရှိသည့် အတ္တများကိုဖြုတ်ပြီး မိမိကိုယ်မိမိ ကြည်ညိုမှုရှိအောင် သီလ လုံခြုံရေး၊ မြတ်စွာဘုရားဟောကြားထားသော ဗြဟ္မစိုရ်တရားလေးပါးအား အမိအရလက်ကိုင်ပြု၍ ကျင့်သုံးနိုင်ရန်နှင့် ယော ဆရာတော်ကြီး ဟောကြားထားသော ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဖြစ်ကြောင်း” စသဖြင့် တိုက်တွန်းနှိုးဆော် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ၂၉ ရပ်ကွက် မြောက်ဒဂုံနာရေးကူညီမှုအဖွဲ့မှ တာဝန်ရှိသူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းနိုင်ခဲ့သည်။

နံနက် (၁ဝးဝဝ)နာရီ အချိန်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များပစ္စည်း ဥစ္စာ၊ အသက်အိုးအိမ်များ ပျက်စီး ဆုံးရှုံးခဲ့ကြရသည်။ ထိုကဲ့သို့ ပျက်စီးဆုံးရှုံးခဲ့ရသော ရခိုင်တိုင်းရင်းသား/သူများအတွက် ရန်ကုန်တိုင်း၊ တွံ့တေးမြို့ သူ/သားများမှ လူသားချင်းစာနာမှုဖြင့် ကူညီလှူဒါန်းမှုတစ်ရပ်ကို နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ တွံ့တေးမြို့သူ/သားများသည် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းနိုင်ရန်အတွက် ကောက်ခံထားသော အလှူငွေ ၂ဝ၃ဝဝဝဝိ/- (သိန်းနှစ်ဆယ်သုံးသောင်း) ကျပ်တိတိအား အလှူရှင်စာရင်း၊ ငွေစာရင်းရှင်းတမ်းများနှင့် အလှူရှင်များထံသို့ စနစ်တကျပြန်လည်ပေးပို့ခဲ့ကာ ယင်းအလှူငွေများအား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှတဆင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များထံသို့ ကူညီလှူဒါန်း ပံ့ပိုးနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့သည်။ ထို့အပြင် တွံ့တေးမြို့မှ လာရောက်လှူဒါန်းကြသော လူမှုရေးသမားများသည် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက် ပေးဆပ်မှုများနှင့် သင်တန်းခန်းမများအား ဝင်ရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။

    မွန်းလွဲ (၁းဝဝ)နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ကချင်ငြိမ်းချမ်းရေး ကွန်ယက် အဖွဲ့နှင့် လက်တွဲ၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည်များအား ကူညီလှူဒါန်းမှု အခမ်းအနားအား ကျင်းပခဲ့သည်။ ကချင် ဒေသရှိ ဒုက္ခသည်အများစုတို့သည် တရုတ်ပြည်နယ်စပ်အသီးသီး၌ ခိုလှုံနေကြရသည်။ ကချင်ဒုက္ခသည်များအား ယခင့်ယခင်သွားရောက် ကူညီလှူဒါန်းမှုများပြုလုပ်ရာတွင် အစိုးရ၏ထိန်းချုပ်နယ်မြေ၊ သတ်မှတ်ထားသော နယ်မြေ များတွင်သာ လှူဒါန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့ကြောင့် ဒုက္ခသည်အများစုရှိရာ နယ်စပ်ဒေသအသီးသီးသို့ လှူဒါန်းမှုပြုလုပ်နိုင်ရန်အတွက် ကချင်ငြိမ်းချမ်းရေးကွန်ယက်မှ ကမ်းလှမ်းလာခဲ့သည်။ ထို့ကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်) အနေဖြင့် ငြိမ်းချမ်းရေးကိုရှေ့ရှု၍ လူသားချင်းစာနာစိတ်ဖြင့် ထိုကဲ့သို့ စားဝတ်နေရေး ကျန်းမာ ရေး၊ ပညာရေး၊ လူ့အခွင့်အရေးဆုံးရှုံးမှုများ ခံစားနေရသော ဒုက္ခသည်များရှိရာ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ သိန်းနှစ်ရာကျပ်တိတိ ထပ်မံလှူဒါန်းမှု ပြုလုပ်ခဲ့ပါသည်။ ယင်းဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ပေါင်း (၆ဝဝဝဝ)သောင်းခန့်ရှိရာ ယခုလှူဒါန်းသော သိန်းနှစ်ရာကျပ်တိတိသည် တစ်လခွဲခန့်အတွက် စားသောက်ရေးသာ ဖြည့်စွမ်းပေးနိုင်မည် ဖြစ်ပါသောကြောင့် ကမ္ဘာ့ပြည်သူ မြန်မာ့ပြည်သူ၊ ကုသိုလ်ရှင်အပေါင်းတို့ လူသားချင်းစာနာ ထောက်ထားသောစိတ်များဖြင့် လှူဒါန်းကူညီကြပါရန် ယင်းအခမ်းအနားတွင် တိုက်တွန်းနှိုးဆော်ခဲ့သလို ပြည်တွင်း စစ်ကြီးရပ်စဲ၍ ငြိမ်းချမ်းရေးကို လူမျိုးဘာသာ မရွေးရရှိကြစေရန် မေတ္တာပို့သလိုက်ရပါသည်။
   (ကျော်သူ)

ကိုမင်းကျော်ခိုင် ပေးပို့ သည်။

by Min Kyaw Khine on Monday, July 30, 2012 at 3:23am ·

ဒေါင်းအိုကြီး သို့မဟုတ် ဟံသာဝတီဦးဝင်းတင်

ဟံသာဝတီသတင်းစာ၊ အန်အယ်ဒီ ဦးဝင်းတင်

တေးမဆိုနိုင်တော့တဲ့ ငှက်အို ဖြစ်ချင် ဖြစ်မယ်
ငှက်ပျိုတွေကြား အမြင့်ပျံဖို့တော့ ခက်တယ်
အပျံသင်ကာစ ငှက်ပျိုလေးတွေကို၊
အတောင်ပံတစုံကို ဘယ်လိုခပ်

ကိုယ်ရဲ့ Data တွေ လုံခြုံနေဖို့

Password ဆိုတာဟာ ကိုယ်ရဲ့ Personal Information တွေကို တစ်ခြားသူတွေ ခိုးမဖတ်နိုင်အောင်၊ ကိုယ်ရဲ့
အရေးကြီးတဲ့ အချက်အလက်တွေကို Hacker လို့ခေါ်တဲ့ Computer System တွေကို ချိုးဖောက်ဝင်ရောက်တတ်
တဲ့ သူတွေရဲ့ ရန်မှကင်းဝေးစေအောင် ကာကွယ်ပေးတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ပြူတင်ပေါက်များ ပြင်ဆင်ခြင်း(Adjust Windows Setting)

ဝင်းဒိုးစ်အသစ်ပြန်တင်ပြီးတဲ့နောက်မှာ ဆက်တင်တချို့ကို ပြင်ဆင်သတ်မှတ်ထားဖို့လိုပါမယ်။
ဖော်မတ် ချခြင်း (Formatting Drive-D)
ဝင်းဒိုးစ် ထည့်သွင်းစဉ်မှာ Drive-C ကိုဘဲ ဖော်မတ်ချခဲ့တာဖြစ်ပါတယ်။ Drive-D ကတော့ ဖော်မတ် မချရသေး တဲ့အတွက် အသုံးပြုလို့ မရသေးပါဘူး။ အဲဒီအတွက် သူ့ကို ဖော်မတ်ချပေးဖို့ လိုပါမယ်။

လန်ဒန် အိုလံပစ်ပွဲ ကြည့်ကြမလား

လန်ဒန်မြို့၂ဝ၁၂ အိုလံပစ် အားကစား ပွဲတော်ကို ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘတ် Queen Elizabeth ကိုယ်တိုင် တရားဝင် ဖွင့်လှစ် ပေးလိုက်ပါပြီ။

http://www.manandar.com/2012/07/blog-post_28.html
http://htwduwintinfoundation.blogspot.jp/2012/07/blog-post_3637.html

photo...london2012.com
ဓာတ်ပုံ(၁၄၀)ကျော် စုပေါင်းတင်ပြလိုက်ပါတယ်...

ဆက်စပ်အကြောင်းအရာများအားကစားအခု ကျင်းပမယ့် အိုလံပစ် ပွဲတော်မှာ ပါဝင် ယှဉ်ပြိုင်တဲ့ နိုင်ငံအသင်းတိုင်းမှာ အမျိုးသမီး အားကစား သမားတွေ ထည့်သွင်း ပါဝင်လာတာ ဒါဟာ ပထမဆုံး အကြိမ်ဘဲလို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌ Jacques Rogge က မှတ်ချက်ချပါတယ်။နိုင်ငံ အသီးသီးက ပါဝင်ယှဉ်ပြိုင် ကြမယ့် အားကစား သမားတွေ အားလုံး ကွင်းထဲမှာ တန်းစီ ချီတက်ကြရာမှာ မြန်မာအသင်း အားကစား သမားတွေလည်း အပါအဝင် ဖြစ်ပါတယ်။

ဒီပွဲရဲ့ အခင်းအကျင်း ပြင်ဆင်မှုတွေကိုတော့ နာမည်ကြီး ရုပ်ရှင် ဒါရိုက်တာ ဒန်နီ ဘွိုင်းက တာဝန်ယူ ဖန်တီးတာ ဖြစ်ပါတယ်။အားကစားကွင်း အလယ်မှာ ဗြိတိန်နိုင်ငံရဲ့ ရှေးခေတ် ကျေးလက် ပုံသဏ္ဍန်ကို ဖန်တီး ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီနောက် အားကစား ကွင်းလယ်မှာ မြေအောက်ကနေ မီးခိုခေါင်းတိုင်ကြီးတွေ ထွက်လာပါတယ်။ မီးခိုးခေါင်းတိုင်ကြီးတွေဟာ တဖြည်းဖြည်းနဲ့ ဝါးဆယ်ပြန်လောက် မြင့်တက် သွားပါတယ်။ မီးခိုးခေါင်းတိုင် ထိပ်က နေ မီးခိုးတွေလည်း တလူလူ ထွက်လာတာ တွေ့ကြရပါတယ်။မီးခိုးတွေထွက်လာတာ တွေ့ရရုံသာမက ပွဲကြည့်ပရိသတ်တွေကို မီးခိုးနံ့ပါ ရအောင် စီစဉ်ထားတဲ့ အတွက် တကယ့် မီးခိုးခေါင်းတိုင်ကြီးတွေလို့ ခံစားကြရအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီနောက် သံမဏိ စက်ရုံ ကြီးတွေ သဏ္ဍန်ပေါ်ထွက်လာပြီး စက်ရုံထဲကနေ သံရည်ပူရဲရဲတွေ စီးကျလာပုံကိုလည်း ပေါ်လွင်အောင် ပြသသွားပါတယ်။

ဗြိတိသျှ လူမျိုးတွေ ဂုဏ်ယူကြတဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို ဖော်ညွှန်းတဲ့ အနေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ကလေးငယ်တွေနဲ့သရုပ်ဖော်ပြသသွားပါတယ်။

နာမည်ကြီး ဗြိတိသျှ ဇာတ်ကောင် ဂျိမ်းစ်ဘွန်းက ဘုရင်မကြီးကို စောင့်ရှောက်ပြီး ရဟတ်ယာဉ် ခေါ်ဆောင်လာဟန်ကိုလည်း ရုပ်ရှင်ဆန်ဆန် ထည့်သွင်း ပြသသွားပါတယ်။ဗြိတိသျှ နာမည်ကျော် လူရွှင်တော် မစ္စတာ ဘီးန် ကိုလည်း ပါဝင် သရုပ်ဆောင်စေခဲ့ပါတယ်။ဟယ်ရီပေါ်တာ စာရေး ဆရာ ဂျေကေ ရိုးလင်းရဲ့ မှော်ဇာတ်ကောင်တွေကိုလည်း ထည့်သွင်း ပြသသွားပါတယ်။ဒီပွဲဟာ ခန်းနားကြီးကျယ်ရုံသာမက ဗြိတိသျှ သမိုင်းနဲ့ ယဉ်ကျေးမှုကိုပါ ဖော်ပြထားတာ ဖြစ်တယ်လို့ ဒါရိုက်တာ ဒန်နီ ဘွိုင်း ကဆိုပါတယ်။
ဘီဘီစီ
dawnmanhon မှာလည်း ကြည့်လို့ ရနေပါပြီ

PC လက်ဆွဲစာအုပ်လေးပါ.

PC UPGRADE AND REPAIR SIMPLIFIED
PC လက်ဆွဲစာအုပ်လေးပါ..အောက်ကလင့်မှာ
Download

အဆင်ပြေကြပါစေဗျာ

ဦးဝင်းတင်နဲ့ မျက်နှာချင်းဆိုင်

Saturday, July 28, 2012 Sithu Linn
ဒီတခေါက် Face to Face အစီအစဉ်မှာ ပါဝင်သူကတော့ ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင် ဖြစ်ပါတယ်။
ဗွီဒီယို ကြည်ရင်လဲ ဒီကိုလာခဲ့ပါ။
http://www.youtube.com/watch?v=V8gpmgBE5kg&feature=plcp

http://blog.irrawaddy.org/2012/07/blog-post_4779.html

http://htwduwintinfoundation.blogspot.jp/2012/07/blog-post_43.html
ဦးဝင်တင်ပြောပြတဲ့ စာနယ်ဇင်း အတွေ့အကြုံ၊ စာနယ်ဇင်းလွတ်လပ်ခွင့် နဲ့ လက်ရှိနိုင်ငံရေးအခြေအနေတို့ကို ကြားသိရမှာပါ။
ဟံသာဝတီနှင့်
ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ ဗျို့ 

(မှတ်ချက် ..ကျနော်၏ ဘလော့ က အသစ်ဖြစ်နေလို့  နေ့ စွဲများမှာ ပို့ အဟောင်းနှင့်ကျနော် ဖေ့ဘုတ်က ယူသုံးထားခဲ့ပါတယ်.)

တရား ကို ဘယ်လို ဆင်ခြင်မလဲ ?

မြန်မာပြည်မှမြန်မာလူမျိုး
မှကူးယူဖော်ပြပါတယ်..။

Network Card များအကြောင်း

by ကိုလင်း- သလ္လာဝတီ on Monday, July 30, 2012 at 12:19am ·
 
Network Card ဆိုတာကတော့ ကျွန်တော်တို့ Computer တစ်လုံးနဲ့ တစ်လုံး Network ချိတ်ဆက်ရာမှာ အသုံးပြု ရ မယ့်Device ဖြစ်ပါတယ်။ Network Card ရဲ့လုပ်ဆောင်ချက်က ဘာကို လုပ်ဆောင်တာလဲဆိုရင် Computer
  တွေ တစ်လုံးနှင့် တစ်လုံး Data တွေ ပို့ရာမှာ Signal တွေကို Network ပေါ်မှာ ပို့ဆောင်ပေးခြင်း၊ လက်ခံပေးခြင်း တို့ကို ပြုလုပ်ပေးပါတယ်။

Network Card တွေမှာ အမျိုးအစားအများကြီး ရှိပါတယ်။ Network Card တွေမှာ အမျိုးအစားအများကြီးရှိသလို
Computer တွေဟာလဲ တစ်ခုနှင့်တစ်ခု မတူညီကြပါဘူး။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်-
-RJ-45 Connector
-BNC Connector စတဲ့ Connector တို့ပဲ ဖြစ်ပါတယ်။
Network Card တွေမှာ ရှိတဲ့ Connector တွေဟာ တစ်ခုနှင့်တစ်ခု မတူညီသလို အလုပ်လုပ်တဲ့ပုံစံလဲ မတူညီပါဘူး။
Network Card တွေဟာ တစ်ခုနှင့်တစ်ခု မတူညီတဲ့ အကြောင်းရင်းကတော့-
-Network Topology
-Bandwidth
-Network Card Type စတဲ့ အချက်တွေကြောင့်ပဲ ဖြစ်တယ်။

အခုဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ ရေပန်းအစားဆုံး အသုံးအများဆုံးကတော့ RJ-45 Connector ပါတဲ့ NetworkCard ပဲ ဖြစ်ပါတယ်။ကျွန်တော် အခုရွေးချယ်စရာ Network Card များ ဆိုတဲ့အတိုင်း မိမိကြိုက်နှစ်သက် တဲ့ Network Card ကိုရွေးချယ်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဖော်ပြပေးမယ့် Network Card တွေကတော့ RJ-45Connector ပါတဲ့ Network Card အကြောင်းကိုပဲ ပြောပြပေး သွားမှာ ဖြစ်ပါ တယ်။ Network Card ကို ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ အများကြီးပဲ ရှိတယ်။

အဲ့ဒီထဲကမှ Popular အဖြစ်ဆုံး Network Card တွေကတော့ Prolink နှင့်D-Link တို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ   Network Card တွေက ဈေးနှုန်းလည်း ချိုသာတယ်။ လူကြိုက်လဲများတယ်။ နောက်ပြီး အဲ့ဒီ Network Card တွေကို အသုံးပြုရတာ အဆင်လည်းပြေတယ်။ ဒါပေမယ့် မိမိက Network Card တစ်ခုကို ၀ယ်တော့မယ်ဆိုရင် Network CardSpeed နှင့် PCI  or USB Card စတဲ့ အချက်တွေကို စဉ်းစားဖို့တော့လိုအပ်တယ်။

Network Card Speed ဆိုတာ Network ပေါ်မှာ မိမိရဲ့ Data ကို Transfer လုပ်ပေးနိုင်တဲ့ Speed ကိုပြောတာ
ဖြစ်ပါတယ်။ ဥပမာ အနေနဲ့ပြောရရင် 10 Mbps, 100 Mbps, 1Gbps လား ဆိုတာကို စဉ်းစားရမယ်။ 1Gbps ဆိုရင်တော့အကောင်းဆုံးပဲပေါ့ဗျာ။
PCI  or USB Card ဆိုတာက Network Card မှာ PCI Slot မှာ စိုက်ပြီးအသုံးပြုရတဲ့ Network Card ရှိသလို USB
နှင့်လာတဲ့ Network Card လဲ ရှိပါတယ်။ ဒီနေရာမှာ ကျွန်တော် ပြောချင်တာက USB နှင့်ဆိုရင်တော့ မိမိ Network Cardရဲ့ Data Transfer Rate က နှေးနေပါလိမ့်မယ်။ PCI ဆိုရင်တော့ မိမိ Network Card ရဲ့ Data Transfer Rate ကမြန်နေပါလိမ့်မယ်။

သို့သော် USB Network Card သည် အလွယ်တကူ Network ချိတ်ဆက် အသုံးပြုနိုင်ပြီး PCINetwork Card ကတော့ ကွန်ပျူတာရဲ့ System Unit ထဲက Motherboard ပေါ်မှာရှိတဲ့ PCI Slot ထဲမှာထိုးစိုက်ထားရတာဖြစ်လို့ အလွယ်တကူ Network ချိတ် အသုံးပြုမယ်ဆိုရင် မလွယ်ကူပါဘူး။

ကောင်းပြီ အဲ့ဒီတော့ မိမိကNetwork Card တစ်ခုကို ရွေးချယ် ၀ယ်ယူတော့မယ်ဆိုရင် Network Card, Connector Type နှင့် Network Cardသည် အလွယ်တကူ ဖြုတ်တပ် အသုံးပြုမှာလား စတဲ့ အချက်တွေကို စဉ်းစားပြီး ရွေးချယ်ဝယ်ယူကြပေါ့နော်။ ဒါဆိုရင် မိမိကဘယ်လို Network Card မျိုးကို ရွေးချယ်ဝယ်ယူ သင့်သလဲ ဆိုတာကို နားလည်လောက်ပြီလို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ရွေးချယ်စရာ Network Card များ အကြောင်းကို လည်း ဒီနားမှာပဲ ရပ်နားလိုက်ပါတော့မယ်။

from Sayar Zaw Lin(youth)

Social Icons

About

Search