ကမ္ဗည်းတွင်ရစ်မည့် သမိုင်းသစ်

on Sunday, July 29, 2012

ညစ်ထေးထေးခေတ်ထဲ
အလျားလိုက် ဖြတ်သန်းစဲ
ပျော်ရွှင်မှု ကွဲကြေ
မွန်းကြပ်ပူလောင်ခြင်းတွေ သန္တေတည်ခဲ့ပြီ ။


နောက်ဆုံးပေါ် အဆီအနှစ်
စည်းစိမ်ယစ်သူ တစု
အသူတရာ ချောက်ထဲ
ဘ၀မွဲများ လျစ်လျှူရှူစဲ ..။

စနစ်ယိုင်နဲ့ ၊ စာရိတ္တကျိုးပဲ့
စစ်ဘီလူးရဲ့ ထင်တိုင်းကြဲစဉ်
ငြိမ်းချမ်းရေးဟာ
တုံးလုံးလဲ သတိလစ်သွားတယ် ။

ဒုက္ခရိုက်ပုတ် ခန္တာရုပ်လည်း
ခေတ်ဆိုး ကုတ်ဖဲ့လျက်
အဖာရာ ပြည့်နှက်
လောက ငရဲမှ ရုန်းထွက်ရမယ်...။

အဓိပ္ပါယ်ပြည့်ခြေလှမ်းများ
မနားတမ်း ခရီးနှင်
ပြည်သူ့နာကျင်မှု ဝေဒနာ ကင်းစင်ဖို့
တော်လှန်ရေး ဒေါင်းလံလွှင့်
ဒီမိုကရေစီ ကြွေးကြော်သံ
ကမ္ဘာ့မိုးယံ ပျံ့လွင့်ပေါ့ ။

ငြိမ်းချမ်းရေးအတွက်
အသက်သွေးပေးဆပ်
အမှန်တရား ချစ်မြတ်နိုးသူတွေရဲ့
မရိုင်းညစ်တဲ့ သမိုင်းသစ်
၈-၈-၈၈ ( ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် )
မော်ကွန်းကမ္ဗည်းတွင်ရစ်ပြီ ။ ။

အောင်ခိုင်မြင့်
၁၉၉၂

http://8888newgenerations.blogspot.ca/2012/07/blog-post_9739.html#links

0 comments:

Post a Comment

Social Icons

Social Icons

ကမ္ဗည်းတွင်ရစ်မည့် သမိုင်းသစ်


ညစ်ထေးထေးခေတ်ထဲ
အလျားလိုက် ဖြတ်သန်းစဲ
ပျော်ရွှင်မှု ကွဲကြေ
မွန်းကြပ်ပူလောင်ခြင်းတွေ သန္တေတည်ခဲ့ပြီ ။


နောက်ဆုံးပေါ် အဆီအနှစ်
စည်းစိမ်ယစ်သူ တစု
အသူတရာ ချောက်ထဲ
ဘ၀မွဲများ လျစ်လျှူရှူစဲ ..။

စနစ်ယိုင်နဲ့ ၊ စာရိတ္တကျိုးပဲ့
စစ်ဘီလူးရဲ့ ထင်တိုင်းကြဲစဉ်
ငြိမ်းချမ်းရေးဟာ
တုံးလုံးလဲ သတိလစ်သွားတယ် ။

ဒုက္ခရိုက်ပုတ် ခန္တာရုပ်လည်း
ခေတ်ဆိုး ကုတ်ဖဲ့လျက်
အဖာရာ ပြည့်နှက်
လောက ငရဲမှ ရုန်းထွက်ရမယ်...။

အဓိပ္ပါယ်ပြည့်ခြေလှမ်းများ
မနားတမ်း ခရီးနှင်
ပြည်သူ့နာကျင်မှု ဝေဒနာ ကင်းစင်ဖို့
တော်လှန်ရေး ဒေါင်းလံလွှင့်
ဒီမိုကရေစီ ကြွေးကြော်သံ
ကမ္ဘာ့မိုးယံ ပျံ့လွင့်ပေါ့ ။

ငြိမ်းချမ်းရေးအတွက်
အသက်သွေးပေးဆပ်
အမှန်တရား ချစ်မြတ်နိုးသူတွေရဲ့
မရိုင်းညစ်တဲ့ သမိုင်းသစ်
၈-၈-၈၈ ( ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် )
မော်ကွန်းကမ္ဗည်းတွင်ရစ်ပြီ ။ ။

အောင်ခိုင်မြင့်
၁၉၉၂

http://8888newgenerations.blogspot.ca/2012/07/blog-post_9739.html#links

About

Search