ရှစ်လေးလုံးစိတ်ဓါတ် .... တက္ကသိုလ် ဘုန်းကြွယ်

on Sunday, July 29, 2012




ရှစ်လေးလုံးစိတ်ဓါတ်

(အသက်သွေးပေးဆက်ခဲ့သောရဲဘော်
ရဲမက်များကိုဦးညွတ်လျက်)

လူ့အခွင့်ရေးနဲ့ဒီမိုကရေစီအရေး
တပါတီစနစ်ဖြုတ်ချရေး
ကြားဖြတ်အစိုးရဖွဲ့စည်းရေး…။


ဒီအရေးသုံးရေးအတွက်
အသက်ကိုပေးဆက်
သွေးနဲ့ရေးခဲ့တဲ့ ရှစ်လေးလုံးရက်…။

အညစ်ထေးဆုံးရက်လို့လဲ
သမိုင်းက သတ်မှတ်ခဲ့….။

အသက်သွေး ပေးခဲ့တဲ့
ကျောင်းသားပြည်သူ
လူအများရဲ့သွေးတွေ
အေးမသွား ဝေးမသွား
ဆေးလို့လဲ မပျောက်
သုတ်လို့လဲ မခြောက်နိုင်ပါ…။

ပြောင်မြောက်တဲ့ သတ္တိသွေး
သမိုင်းမှာ ရဲရဲလေးရေးခဲ့ပြီ…။

သွေးနဲ့ခင်းခဲ့တဲ့ တံတားနီ
ကျောင်းသားညီညီ
တန်းစီပြီ တိုက်ခဲ့သည်…။

တိုက်ပွဲပျက်ပေမယ့်
မျိုးဆက်က မပျက်ခဲ့ပါ
၈၈မျိုးဆက်တဲ့ဟေ့
တိုးတက် ထိုးထွက်လို့လာကြပြီ
အမျိုးသားတမျိုးလုံးအတွက်
အကျိုးဆက်ကိုမြော်တွေး
တော်လှန်ရေးက မရပ်မနား
တတပ်တအားနဲ့ ချီတက်ခဲ့ပြီ…။
အာဏာသားတွေမဟားဒရား
ထောင်တံခါးတွေဖွင့်
အမှောင်ကြားမှာ လွင့်ထားပေမယ့်
ရဲရင့်တဲ့ ဇာနည်သွေး
နဲနဲမှ အရှုံးမပေး…။

အကျဉ်းထောင်က
အလင်းရောင်ပြနေဆဲပါ…။

လူကိုဖမ်းချုပ်ပေမယ့်
ယုံကြည်ချက်က မတုန်လှုပ်
ဗိုလ်ချုပ်တွေ ဗိုလ်ယုတ်တွေ
အကုန်ပြုတ်ရမယ်ဟေ့လို့

မမှိတ်မသုံစိတ်နဲ့
အတိတ်က ယုံကြည်ခဲ့သလို
ပစ္စုပ္ပာန်မှာလဲ ယုံကြည်မှုမရပ်
အနာဂတ်မှာလဲ မသုံမလှီ
ယုံကြည်နေအုံးမှာပဲဟေ့…။

အာဏာရှင်ကိုဖီဆန်
အာဏာရှင်ကိုတော်လှန်
မဟုတ်မခံ အပြုတ်နှံမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
ဘယ်အခါမှမရပ်
ဘယ်နေရာမှမပြတ်
ကမ္ဘာအနှံ့ ပတ်ခဲ့ပြီ။

အာဏရှင်တွေ ဘယ်လိုအုပ်အုပ်
အာဏာရှင်တွေဘယ်လိုချုပ်ချုပ်
မအုပ်နိုင် မချုပ်နိုင်
အဟုတ်ခိုင်မြဲတာက ရှစ်လေးလုံးစိတ်ဓါတ်။

ကျည်ဆံနဲ့ ဘယ်လိုခွင်းခွင်း
အာဏာနဲ့ဘယ်လိုရှင်းရှင်း
မကွင်းနိုင် မယွင်းနိုင်တာက
ရှစ်လေးလုံးစိတ်ဓါတ် ဒီစိတ်ဓါတ်နဲ့
မားမားရပ်နေတဲ့အာဏာရှင်ကို
အမြင်ကတ်ကတ်နဲ့ အနိုင်ခုတ်
အရှင်လတ်လတ်နဲ့ အပိုင်မြုပ်လိုက်ကြပါစို့…။

အားမာန်ပြည့်ပြည့် အသံမြင့်မြင့်နဲ့
ရဲရဲရင့်ရင့် ရွတ်ကြည့်ပါ…။
ကြက်သီးမွေးညင်းထလာပါမည်…။

ဒီရွတ်ဆိုသံများ အာဏာရှင်ကြားရင်
ကြောက်ဖျား ဖျားသွားနိုင်လိမ့်မည်…။

အမှန်တရားသည်မမှား
အမှန်တရားသည်ဓါး
တအားလွှဲခုတ် အသားပြဲစုတ်
အာဏားသားတွေ ပဲပြုတ်ဖြစ်သွားပါမည်…။

တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၂၉ ၂၀၁၂)

0 comments:

Post a Comment

Social Icons

Social Icons

ရှစ်လေးလုံးစိတ်ဓါတ် .... တက္ကသိုလ် ဘုန်းကြွယ်





ရှစ်လေးလုံးစိတ်ဓါတ်

(အသက်သွေးပေးဆက်ခဲ့သောရဲဘော်
ရဲမက်များကိုဦးညွတ်လျက်)

လူ့အခွင့်ရေးနဲ့ဒီမိုကရေစီအရေး
တပါတီစနစ်ဖြုတ်ချရေး
ကြားဖြတ်အစိုးရဖွဲ့စည်းရေး…။


ဒီအရေးသုံးရေးအတွက်
အသက်ကိုပေးဆက်
သွေးနဲ့ရေးခဲ့တဲ့ ရှစ်လေးလုံးရက်…။

အညစ်ထေးဆုံးရက်လို့လဲ
သမိုင်းက သတ်မှတ်ခဲ့….။

အသက်သွေး ပေးခဲ့တဲ့
ကျောင်းသားပြည်သူ
လူအများရဲ့သွေးတွေ
အေးမသွား ဝေးမသွား
ဆေးလို့လဲ မပျောက်
သုတ်လို့လဲ မခြောက်နိုင်ပါ…။

ပြောင်မြောက်တဲ့ သတ္တိသွေး
သမိုင်းမှာ ရဲရဲလေးရေးခဲ့ပြီ…။

သွေးနဲ့ခင်းခဲ့တဲ့ တံတားနီ
ကျောင်းသားညီညီ
တန်းစီပြီ တိုက်ခဲ့သည်…။

တိုက်ပွဲပျက်ပေမယ့်
မျိုးဆက်က မပျက်ခဲ့ပါ
၈၈မျိုးဆက်တဲ့ဟေ့
တိုးတက် ထိုးထွက်လို့လာကြပြီ
အမျိုးသားတမျိုးလုံးအတွက်
အကျိုးဆက်ကိုမြော်တွေး
တော်လှန်ရေးက မရပ်မနား
တတပ်တအားနဲ့ ချီတက်ခဲ့ပြီ…။
အာဏာသားတွေမဟားဒရား
ထောင်တံခါးတွေဖွင့်
အမှောင်ကြားမှာ လွင့်ထားပေမယ့်
ရဲရင့်တဲ့ ဇာနည်သွေး
နဲနဲမှ အရှုံးမပေး…။

အကျဉ်းထောင်က
အလင်းရောင်ပြနေဆဲပါ…။

လူကိုဖမ်းချုပ်ပေမယ့်
ယုံကြည်ချက်က မတုန်လှုပ်
ဗိုလ်ချုပ်တွေ ဗိုလ်ယုတ်တွေ
အကုန်ပြုတ်ရမယ်ဟေ့လို့

မမှိတ်မသုံစိတ်နဲ့
အတိတ်က ယုံကြည်ခဲ့သလို
ပစ္စုပ္ပာန်မှာလဲ ယုံကြည်မှုမရပ်
အနာဂတ်မှာလဲ မသုံမလှီ
ယုံကြည်နေအုံးမှာပဲဟေ့…။

အာဏာရှင်ကိုဖီဆန်
အာဏာရှင်ကိုတော်လှန်
မဟုတ်မခံ အပြုတ်နှံမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
ဘယ်အခါမှမရပ်
ဘယ်နေရာမှမပြတ်
ကမ္ဘာအနှံ့ ပတ်ခဲ့ပြီ။

အာဏရှင်တွေ ဘယ်လိုအုပ်အုပ်
အာဏာရှင်တွေဘယ်လိုချုပ်ချုပ်
မအုပ်နိုင် မချုပ်နိုင်
အဟုတ်ခိုင်မြဲတာက ရှစ်လေးလုံးစိတ်ဓါတ်။

ကျည်ဆံနဲ့ ဘယ်လိုခွင်းခွင်း
အာဏာနဲ့ဘယ်လိုရှင်းရှင်း
မကွင်းနိုင် မယွင်းနိုင်တာက
ရှစ်လေးလုံးစိတ်ဓါတ် ဒီစိတ်ဓါတ်နဲ့
မားမားရပ်နေတဲ့အာဏာရှင်ကို
အမြင်ကတ်ကတ်နဲ့ အနိုင်ခုတ်
အရှင်လတ်လတ်နဲ့ အပိုင်မြုပ်လိုက်ကြပါစို့…။

အားမာန်ပြည့်ပြည့် အသံမြင့်မြင့်နဲ့
ရဲရဲရင့်ရင့် ရွတ်ကြည့်ပါ…။
ကြက်သီးမွေးညင်းထလာပါမည်…။

ဒီရွတ်ဆိုသံများ အာဏာရှင်ကြားရင်
ကြောက်ဖျား ဖျားသွားနိုင်လိမ့်မည်…။

အမှန်တရားသည်မမှား
အမှန်တရားသည်ဓါး
တအားလွှဲခုတ် အသားပြဲစုတ်
အာဏားသားတွေ ပဲပြုတ်ဖြစ်သွားပါမည်…။

တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၂၉ ၂၀၁၂)

About

Search