ဒေါင်းအိုကြီး သို့မဟုတ် ဟံသာဝတီဦးဝင်းတင်

on Sunday, July 29, 2012

ဟံသာဝတီသတင်းစာ၊ အန်အယ်ဒီ ဦးဝင်းတင်

တေးမဆိုနိုင်တော့တဲ့ ငှက်အို ဖြစ်ချင် ဖြစ်မယ်
ငှက်ပျိုတွေကြား အမြင့်ပျံဖို့တော့ ခက်တယ်
အပျံသင်ကာစ ငှက်ပျိုလေးတွေကို၊
အတောင်ပံတစုံကို ဘယ်လိုခပ်

ခြေနှစ်ချောင်းက ဘယ်လို အလိုက်သင့်ထား
အစာရှာလိုကောင်းတာ ဘယ်နေရာ
လေးသံ အန္တရယ် ကြိုတင်ကာကွယ်
ငှက်ခတ်သမားကို အမြဲသတိထား
လေသိပ်ကြမ်းက အကာနောက်နေ
လေနုအေးမှာ မြန်မြန်ထွက်
လိုအပ်လာရင် တကြော်ကြော်အော်
အမျိုးငှက်အပေါင်းကို တွဲ ကူ ခေါ်
အစားအစာရလျှင် မျှလို့ ကျွေး
မိုးမလာခင် လုံးလပြု့ အင်အား စု
ငှက်သူရဲကောင်းတွေအကြောင်း ပြော
ငှက်ကိုယ်တွေ့ အဖြစ်အပျက်ကိုပေး
ငှက်သင်တန်းတွေ ဆက်ကာ သင်           
ငှက်တွေညီညာကြဖို့ ရှေ့ဆောင်နည်းညွန်
ငှက်တွေထဲမှာ ဆရာတဆူ ဖြစ်ရမှာ-
ဒီတခါ ငှက်သဘင် အစည်းအဝေးမှာ-
နားချင်ပေမယ့် နားလို ဘယ်လိုမှ မဖြစ်သေး
ငှက်အတောင်တွေ မသန်တော့ပေမယ့်
ငှက်ရာဇ၀င်အကြောင်း ရေးရအုံးမယ်
ငှက်အခွင့်အရေးအတွက် လှုပ်ရှားချင်တယ်
ငှက်သမိုင်းမှာ-----
ငှက်ဆိုတာ ပျံသန်းနေရင်း ဘ၀ဆက်နေမယ်
ဒေါင်းငှက် အသက်ကြီးလာလေ မတရားမှုကို သူ မုန်းပေ။     

အောင်မြင့်သန်း
၃၀၊ ၇။ ၂၀၁၂

0 comments:

Post a Comment

Social Icons

Social Icons

ဒေါင်းအိုကြီး သို့မဟုတ် ဟံသာဝတီဦးဝင်းတင်


ဟံသာဝတီသတင်းစာ၊ အန်အယ်ဒီ ဦးဝင်းတင်

တေးမဆိုနိုင်တော့တဲ့ ငှက်အို ဖြစ်ချင် ဖြစ်မယ်
ငှက်ပျိုတွေကြား အမြင့်ပျံဖို့တော့ ခက်တယ်
အပျံသင်ကာစ ငှက်ပျိုလေးတွေကို၊
အတောင်ပံတစုံကို ဘယ်လိုခပ်

ခြေနှစ်ချောင်းက ဘယ်လို အလိုက်သင့်ထား
အစာရှာလိုကောင်းတာ ဘယ်နေရာ
လေးသံ အန္တရယ် ကြိုတင်ကာကွယ်
ငှက်ခတ်သမားကို အမြဲသတိထား
လေသိပ်ကြမ်းက အကာနောက်နေ
လေနုအေးမှာ မြန်မြန်ထွက်
လိုအပ်လာရင် တကြော်ကြော်အော်
အမျိုးငှက်အပေါင်းကို တွဲ ကူ ခေါ်
အစားအစာရလျှင် မျှလို့ ကျွေး
မိုးမလာခင် လုံးလပြု့ အင်အား စု
ငှက်သူရဲကောင်းတွေအကြောင်း ပြော
ငှက်ကိုယ်တွေ့ အဖြစ်အပျက်ကိုပေး
ငှက်သင်တန်းတွေ ဆက်ကာ သင်           
ငှက်တွေညီညာကြဖို့ ရှေ့ဆောင်နည်းညွန်
ငှက်တွေထဲမှာ ဆရာတဆူ ဖြစ်ရမှာ-
ဒီတခါ ငှက်သဘင် အစည်းအဝေးမှာ-
နားချင်ပေမယ့် နားလို ဘယ်လိုမှ မဖြစ်သေး
ငှက်အတောင်တွေ မသန်တော့ပေမယ့်
ငှက်ရာဇ၀င်အကြောင်း ရေးရအုံးမယ်
ငှက်အခွင့်အရေးအတွက် လှုပ်ရှားချင်တယ်
ငှက်သမိုင်းမှာ-----
ငှက်ဆိုတာ ပျံသန်းနေရင်း ဘ၀ဆက်နေမယ်
ဒေါင်းငှက် အသက်ကြီးလာလေ မတရားမှုကို သူ မုန်းပေ။     

အောင်မြင့်သန်း
၃၀၊ ၇။ ၂၀၁၂

About

Search