သမိုင်းသစ်ဖွင့် ရှစ်ဆယ့်ရှစ်

on Monday, July 30, 2012
 
လူပင်လယ် 
လှိုင်းတံပိုးတွေကြား
တာဝန်ကိုယ်စီ ရွက်ခဲ့ကြတဲ့နေ့ ...။

လှည်းနေ လှေအောင်း
မြင်း ဇောင်းမကျန် ဆိုတာ
ရုပ်လုံးပေါ်တဲ့နေ့ ....။

ရဟန်းရှင်လူကျောင်းသားပြည်သူ
အလွှာစုစု ဝန်ထမ်းထု စုပေါင်းပြု
ပြည်ထောင် တစ်သားထဲ ဖြစ်တဲ့နေ့ ....။

၂၆ နှစ် ဖိနိပ်၍ ထား
နေမဝင် အင်ပါယာ အလား
အာဏာရှင်တွေ ကျဆုံးရတော့မယ့် နေ့.... ။

စစ်သေနတ်သံတွေကြား
သွေး အလူးလူးနဲ့
ကြွေးကြော်သံတွေ တွန်ကျူးရင့်တဲ့ နေ့ ...။

ဒေါင်းအလံတွေကြား
ကျည်ဆံသွားလည်း
ငါတို့တတွေ..
ရှေ့သို့ ချီခဲ့ ..
ဘေးတဖက်နား
ကျဆုံးသွားလည်း
ကျန်သူများက ...
မတွေဝေခဲ့ ..
စစ်ဖိနပ်တွေ
ဖိနင်းသွားလည်း ...
ကျန်သူ တတွေ
ဦးမညွှတ် ပေ...။


အဲဒီနေ့မှာ...
ကျောင်းစိမ်းကို ဝတ်
လွယ်အိပ် ပစ်လို့
သမိုင်း ကို အသစ်
ဖွင့်လှစ်ရအောင်...
အမယ်...
အိမ်ကိုသော်မှ
ချစ်ရမှန်းမသိတော့တဲ့ နေ့ ။


ဒီဇိုင်းလက်ရာရှင်-
ညီမလေး အေးနန္ဒာအောင်(ဂျပန်)

ကိုဝိုင်ဝိုင်ကေ
၃၀-၇-၁၂
ည(၁၁-၃၀)

0 comments:

Post a Comment

Social Icons

Social Icons

သမိုင်းသစ်ဖွင့် ရှစ်ဆယ့်ရှစ်

 
လူပင်လယ် 
လှိုင်းတံပိုးတွေကြား
တာဝန်ကိုယ်စီ ရွက်ခဲ့ကြတဲ့နေ့ ...။

လှည်းနေ လှေအောင်း
မြင်း ဇောင်းမကျန် ဆိုတာ
ရုပ်လုံးပေါ်တဲ့နေ့ ....။

ရဟန်းရှင်လူကျောင်းသားပြည်သူ
အလွှာစုစု ဝန်ထမ်းထု စုပေါင်းပြု
ပြည်ထောင် တစ်သားထဲ ဖြစ်တဲ့နေ့ ....။

၂၆ နှစ် ဖိနိပ်၍ ထား
နေမဝင် အင်ပါယာ အလား
အာဏာရှင်တွေ ကျဆုံးရတော့မယ့် နေ့.... ။

စစ်သေနတ်သံတွေကြား
သွေး အလူးလူးနဲ့
ကြွေးကြော်သံတွေ တွန်ကျူးရင့်တဲ့ နေ့ ...။

ဒေါင်းအလံတွေကြား
ကျည်ဆံသွားလည်း
ငါတို့တတွေ..
ရှေ့သို့ ချီခဲ့ ..
ဘေးတဖက်နား
ကျဆုံးသွားလည်း
ကျန်သူများက ...
မတွေဝေခဲ့ ..
စစ်ဖိနပ်တွေ
ဖိနင်းသွားလည်း ...
ကျန်သူ တတွေ
ဦးမညွှတ် ပေ...။


အဲဒီနေ့မှာ...
ကျောင်းစိမ်းကို ဝတ်
လွယ်အိပ် ပစ်လို့
သမိုင်း ကို အသစ်
ဖွင့်လှစ်ရအောင်...
အမယ်...
အိမ်ကိုသော်မှ
ချစ်ရမှန်းမသိတော့တဲ့ နေ့ ။


ဒီဇိုင်းလက်ရာရှင်-
ညီမလေး အေးနန္ဒာအောင်(ဂျပန်)

ကိုဝိုင်ဝိုင်ကေ
၃၀-၇-၁၂
ည(၁၁-၃၀)

About

Search