ယတြာ နှင့် ကံကြမ္မာ

on Wednesday, August 1, 2012

ယတြာကောင်း မင်းလောင်းဖြစ်အဖြစ်သနစ်တွေကို ပုံပမာထား
(အာဏာရှင်တွေ) ယုံစားပြီးအကုန်မှားခဲ့တာတွေ အသင်္ချေပါ…။

နေ၀င်းကိုကြည့်ပါ ယတြာချေရေးအောက်လမ်းဆရာ အကြံပေး သည့်အတိုင်းထိုင်းဘုရင်လေးထံ မနှေးအမြန် ခွေးအကြံနဲ့ဘုရား တဆူကိုအကြောင်းခံပြီးလက်ဆောင်ပနံ ဆက်ခဲ့ဖူးသတဲ့…။

အဓိပ္ပါယ်ကလေးမှာ ရှင်းရှင်းလေးပါသူ့မှာတင်ရှိတဲ့အကုသိုလ်ကြွေးကို
တဖက်သူ ထိုင်းဘုရင်လေးက သွေကွာမနှေး သယ်ဆောင်ပေးသွား ပြီဟူသတတ်…။

ငသန်းရွှေမှာလဲ ဘုရားဆင်းတုတော်ထဲသူ့ခြေသည်းလက်သည်း ထည့်ပြီးကြီးလေးတဲ့သူ့အပြစ်ဒဏ်လွတ်မြောက်ရန် တွေးအင်္ကြနဲ့
အောက်လမ်းဆရာထံ ချဉ်းကပ်ကာအတင်းကြပ်ဒုံးစိုင်းသီရိလင်္ကာ တိုင်း သို့အရိုင်းခြေရာဆန့်ခဲ့တယ်…။

လူထုလှိုင်းတံပိုးကို အဘယ်ယတြာမျိုးမှချေပေးရိုးထုံးစံ မရှိပါ…။

နွားခြေရာနောက်သို့ လှည်းဘီးတကောက်ကောက်လိုက်သကဲ့သို့မကောင်းမှု ဒုစရိုက်နောက်လဲအပါယ်ငရဲ က တကောက်ကောက်လိုက်စမြဲတည့်…။

ဘယ်သူမပြု မိမိမှုတဲ့
ကိုယ်က မကောင်းမှုကို
အကြောာင်းမပြုခဲ့ပါလျှင်
ရင်လဲမထိတ် အတိတ်တစ္ဆေလဲမခြောက်
စိတ်ဖြောင့်ဖြောင့်နဲ့သာ နေရမှာ…။

ခုတော့   ကိုယ့်လိပ်ပြာ ကိုယ်မလုံ
ရင်တုန် သဲထိတ်နဲ့
အတိတ်တစ္ဆေလဲအခြာက်ခံခဲ့ရပြီမှုတ်လား…။

တဘ၀ စံသူဟာ
ဘ၀အဖန်တရာ ခံရမှာမို့
တန်သလားရယ်လို့
ဝေဖန်ကြပါ အာဏာရှင်တို့…။

မိမိပြုခဲ့သမျှ မကောင်းမှုကို
ယတြာနဲ့သာ အံတုနိုင်ခဲ့မယ်ဆိုပါလျှင်
ငရဲပြည်တခွင်မှာ ငရဲသားဆိုတာ
မရှိနိုင်တော့ပါ…။

သဲသောင်ပြင်မှာရှိတဲ့သဲမှုန်တွေ
လက်သဲပေါ်ရှိသဲများတက် များပြားနေခြင်းဟာ
မကောင်းမှု ဒုစရိုက်ပျော်ပိုက်လုပ်နေသူငရဲသား
များပြားနေသောကြောင့်သာတည်း…။

လက်သဲပေါ်တွင်ရှိသောသဲမှုန်အပေါင်းကား
မကောင်းမှုရှောင် ကောင်းမှုဆောင်
ဖြူအောင်စိတ်ကိုထားသူများတည်း…။

အသင်သည် လက်သဲပေါ်က သဲမှုန်တမှုန်မသွေ
အမှန်ဖြစ်ပါစေလို့ ဆုမွန်ခြွေပေးလိုက်ပါတယ်…။

တက္ကသိုလ်ဘုန်းကြွယ် (သြဂုတ် ၁ ၂၀၁၂)                 

0 comments:

Post a Comment

Social Icons

About

Search