ဒေါက်တာအတု ဇေကမ္ဘာအမတ် ခင်ရွှေ ပြောတဲ့Crony အကြောင်း

on Wednesday, August 1, 2012

ဒေါက်တာအတု(ငွေပေးဝယ်ထား)၊လယ်မြေသိမ်းချစ်တီးလက်သစ် ဇေကမ္ဘာအမတ် ခင်ရွှေ က Crony ကို ဘယ် ကနေမေးထားမှန်းမသိတဲ့.ဘယ်တပည့်ကနေ မြန်မာစာဌာနကထုတ်ဝေတဲ့ အဘိဓာန်လောက်ကြည့် ပြီး   လောဘဇော  ခင်ရွှေကိုအကြံပေးလိုက်တယ်မသိ၊ ပုဇွန်လိုသတ္တဝါမျိုးခင်ရွှေက..အခုကလေးလိုဖြေရှင်း လိုက်ပြန်ပြီ။     ပုဇွန်ဆိတ်ဦးဏှောက်လောက်သာရှိတဲ့ ခင်ရွှေရေ..ခရိုနီဆိုတာက သူငယ်ချင်း၊အပေါင်းအသင်း လို့ဆိုလိုတာ မှန်ပါတယ် ....ခင်ရွှေလို......ဇော်ဇော်လို..........တေဇလို............ထွန်းမြင်နိုင်လို သူတွေကို ကို ခရိုနီလို့သုံးတာက စစ်ဗိုလ်ချုပ်တွေရဲ့စီးပွားရေးပါတနာ သူငယ်ချင်း Crony လို့နိုင်ငံတကာကသုံးတယ်ဆိုတာခုထိ သဘောမပေါက်နိုင်သေးဘူး...

ပုဇွန်ဆိတ်ခင်ရွှေက လွှတ်တော်ထဲမှာဒီလိုပြောခဲ့တယ်။
"ရှေ့မှာတင်ပြတာတွေအား လုံးကို သဘောကျပါတယ်။ ထောက်ခံပါတယ်။ သို့သော် တင်ပြပုံဘယ်လောက်ကောင်း   ကောင်း ရုပ်ပိုင်းဆိုင်ရာ Infrastructure ၊ နာမ်ပိုင်းဆိုင်ရာ Infrastructure၊ အုပ်ချုပ်မှုပိုင်း ဆိုင်ရာInfrastructure ကြီး ကောင်းဖို့လိုအပ်ပါတယ်။ခုနကကြားတဲ့ Crony နဲ့ ပတ်သက်လို့ အဓိပ္ပာယ်ကို ရှင်းပြ လိုပါတယ်။ Crony ရဲ့ အဓိပ္ပာယ် က အပေါင်းအသင်းပဲ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ Crony တွေဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံတော်နဲ့ တစ်ထပ်တည်းရှိတဲ့ ပုဂ်္ဂိုလ်တွေဖြစ်ကြပါတယ်။ တခြား နိုင်ငံတွေမှာ စီးပွားရေးအောင် မြင်ပြီဆိုရင် နိုင်ငံတော်နဲ့ သီးခြား နေပြီး တခြားနိုင်ငံတွေမှာ ရင်းနှီး မြှုပ်နှံနေကြပေမယ့် မြန်မာနိုင်ငံ က Crony လို့ သတ်မှတ်စွပ်စွဲ နေတဲ့ Crony ဆိုတဲ့အသုံးအနှုန်း ဟာ နိုင်ငံတော်နဲ့အတူ တစ်ထပ် တည်းရှိပါတယ်။ 

ကျွန်တော်တို့ နိုင်ငံဟာ ဖွံ့ဖြိုးဆဲကာလဖြစ်တဲ့ အတွက် လိုအပ်တဲ့ စီးပွားရေး၊ ကျန်းမာရေး၊လူမှုရေး၊ယဉ်ကျေးမှု အကုန်လုံးကို ပူးပေါင်းဆောင် ရွက်နေတဲ့ ဃမသညပ လို့ ခေါ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ Crony ရဲ့ အဓိပ္ပာယ်ကို တချို့က လွဲမှားစွာသုံးနေတဲ့ အနေအထား ဖြစ်တဲ့အတွက်ကြောင့် ဒီနေရာ မှာ ကျွန်တော့်အနေနဲ့ Crony ကို ရှင်းပြခြင်းဖြစ်ပါတယ်။" 

(Hot News)
https://www.facebook.com/photo.php?fbid=4227369609946&set=a.4185515883629.173743.1456491632&type=1&theater

0 comments:

Post a Comment

Social Icons

About

Search