ဒယ် အိုးဆရာတော်၏ ဂျပန် တိုကျို မြို့  တရားပွဲ

on Thursday, August 2, 2012

         ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ၏
တရားဒေသနာတော်မြတ် နာကြားနိုင်ပါရန် ဖိတ်ကြားလွှာ

ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့အား ကြုံတောင့်ကြုံခဲ မြန်မာနိုင်ငံမှ နိုင်ငံကျော် ဓမ္မကထိက ဒယ်အိုးဆရာတော် ဦးသုမင်္ဂလ၏ နိဗ္ဗာန်ရောက်ကြောင်း တရားပွဲကို အောက်ပါ အစီ အစဉ်များအတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ပထမအကြိမ် တရားပွဲအစီအစဉ်

နေ့ရက်။ ။ ၂၀၁၂-ခုနှစ်၊ ယခုလ(သြဂုတ်လ)၊ ၁၂-ရက်၊ တနင်္ဂနွေနေ့

အချိန်။ ။ ညနေ ၆-နာရီမှ ည ၉-နာရီအထိ

နေရာ။ ။ ITABASHI-KU, NAKACHO CHIIKI CENTER, NAKACHO 20-5

လမ်းညွှန်။ ။IKEBUKURU ဘူတာမှTOBU TOJO လော်ကယ်လိုင်းစီး၍ လေးဘူတာမြောက် NAKAITABASHI-ဘူတာတွင်ဆင်းရမည်။ မြန်မာဘုန်းတော်ကြီးကျောင်းအနီး။

ဒုတိယအကြိမ် တရားပွဲအစီအစဉ်

နေ့ရက်။ ။ ၂၀၁၂-ခုနှစ်၊ ယခုလ(သြဂုတ်လ)၊ ၁၉-ရက်၊ တနင်္ဂနွေနေ့

အချိန်။ ။ ညနေ ၆-နာရီမှ ည၉-နာရီအထိ

နေရာ။ ။ ITABASHI-KU, TOKIWADAI 4-14-1

လမ်းညွှန်။ ။ IKEBUKURU ဘူတာမှ TOBU TOJO လော်ကယ်လိုင်းစီး၍ ခြောက်ဘူတာမြောက် KAMI ITABASHI-ဘူတာဆင်းရမည်။

ဆယ်သွယ်ရန်လိပ်စာ။
ထေရဝါဒပရိယတ္တိကျောင်းတော်ကြီး၊
အိတဘရှိကု၊ နကချော ၃၉-၁။ စာတိုက် ၁၇၃-၀၀၂၂
ဖုံးနံပါတ် 03-3973-3348/ 080-4171-9333

(ဆရာတော်ဦးသုမင်္ဂလသည် ယခုလ ၁၀-၈-၂၀၁၂-ခုနှစ်မှ ၂၀-၈-၂၀၁၂-ခုနှစ်တိုင်အောင် တိုကျိုမြို့၊ နကအိတဘရှိ-ရပ်ကွက်ရှိ ထေရဝါဒပရိယတ္တိကျောင်းတော်ကြီး၌ ကြွရောက် သီတင်းသုံးတော်မူမည်ဖြစ်ပါသည်။ ဆရာတော်အား ဖူးတွေ့လိုသူများလည်း မြန်မာဘုန်းတော်ကြီးကျောင်းသို့ ကြွရောက်နိုင်ပါရန်နှင့် တရားချစ်ခင် သူတော်စင်များအနေဖြင့် ကြွရောက်နာယူတော်မူနိုင်ကြပါရန် နိဗ္ဗာန်အကျိုးမြှော်ကိုးကာ ရိုသေစွာ ဖိတ်ကြားအပ်ပါသည်။)

ဓမ္မသဘင်တရားပွဲ လမ်းညွန်ပေးမည့်သူများ

ကိုစိုးနိုင်- ၀၈၀ ၄၁၇၁ ၁၉၆၇

ကိုမောင်မောင်ဦး- ၀၈၀ ၄၂၉၆ ၀၀၇၁

ကိုမိုးညို- ၀၈၀ ၅၆၄၂ ၄၂၁၆

ကိုဟန်ဝင်းထွန်း- ၀၈၀ ၆၇၉၁ ၈၄၀၂

ကိုထွန်းထွန်းနိုင်- ၀၉၀ ၅၈၂၅ ၄၂၅၇

ကိုတိုးကြည်ဆွေ- ၀၉၀ ၆၁၉၈ ၁၉၆၂

ကိုစိုးဝင်းရှိန်- ၀၉၀ ၄၁၂၈ ၄၇၂၅

အတူတကွ ကုသိုလ်ပြုလမ်းညွန်ပေးမည့်သူများနှင့် ဓမ္မသဘင်အတွက် ၀ိုင်းဝန်းကူညီပေး မည့် စေတနာရှင်များ ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။

သတင်း မောင်ရှင် (မိုးသောက်ကြယ်)

0 comments:

Post a Comment

Social Icons

About

Search