နင်မခေါ်ရင် ငိုချင်တယ်

on Thursday, August 2, 2012

ငါလေ....ငယ်ငယ်ကတည်းက
နင်ဘယ်ကိုသွားသွား နင်ဘယ်ကိုလာလာ
နင်မခေါ်ရင် ငိုချင်တယ်..။
အဲ...အရင် ဟိုတုန်းက....
ငါစိတ်ဆိုးအောင် စနှောက်ပြောင်တတ်တဲ့  နင့်ကို
ငါစိတ်ကောက်အောင် တမင်လှောင်ရီကျီစယ်တတ်တဲ့  နင့်ကို
တခါတခါ စိတ်ရှူးတွေပေါက်ပြီး
ထိပ့်ခေါင်းကိုခေါက်ကာ စပြေးထွက်သွားတတ်တဲ့  နင့်ကို
အမြဲလိုလို ရန်တွေ့ဗိုလ်ကျတတ်တဲ့  နင့်ကိုလေ
ပြောရင်ယုံမလား....တစ်ယောက်တည်းထားပြီး
နင်မခေါ်တဲ့ခါ ငိုချင်တယ်..။

ပြီးတော့....ငါစိတ်ကောက်တဲ့ခါ
စိတ်ဆိုးပြေအောင် ချော့မြူတတ်တဲ့ နင့်ကိုလေ
အပျိုဖော်ဝင်တော့ ငါ့စိတ်တွေလှုပ်ရှား
နင်နဲ့မှ ချစ်တတ်လာတဲ့ ငါလေ
နင်ဘယ်ကိုသွားသွား နင်ဘယ်ကိုလာလာ
နင်မခေါ်ရင် ငိုချင်တယ်။

( မျှဝေခံစားနိုင်ကြပါစေ...ကိုဗလိုင် )

by Ko Baloi

0 comments:

Post a Comment

Social Icons

About

Search