OMNIMAX Theater ဆိုတာ ရုပ်ရှင်ခန်းမတစ်ခုလုံးရဲ့ ရှေ့မျက်နှာကနေ ခေါင်းမိုးတစ်လျှောက်ထိ ရှည်လားတဲ့ လိပ်ခုံးပိတ်ကားကြီးရှိတဲ့ ရုပ်ရှင်ရုံပေါ့။ ပိတ်ကားက ကြီးလွန်းပြီး ရယ်ဇလူးချင်းက ကောင်းတော့ ပြတဲ့ သိပ္ပံပြ ကွက်တွေက ပီပြင်လွန်းတယ်။ IMAX လို 3D မဟုတ်ပေမယ့် ကြည့်နေတဲ့ပရိသတ်တွေကို သူရဲ့ ပြကွက်တွေထဲကို ဆွဲခေါ်သွားနိုင်စွန်းရှိတယ်။ လူငယ်တွေရဲ့ သိပ္ပံပညာရပ်တွေအပေါ် စိတ်ဝင်စားမှုကို တိုးစေပြီး အနာဂတ် သိပ္ပံပညာရှင်များ ဖြစ်လာအောင် တွန်းအားပေးစေတယ်။
သိပ္ပံပညာရပ်စကားအရဆိုရင် ဘယ်အရာမဆို သူ့ရဲ့ အကြောင်းရယ်၊ အကျိုးရယ်ဆိုတာ ရှိတယ်။ ဆီပူအိုးထဲ ကို ရေဖိတ်ကျသွားရင် အမြုပ်တက်ပြီး ဘာလို့ အသံမြည်သလဲဆိုတာ သိပ္ပံနည်းအရ ရှင်းပြနိုင်တယ်။ ဒါပေမယ့် ပြဿနာတစ်ခုကို ဖြေရှင်းဖို့ ဗေဒင်ဆရာက ဒီလိုယတြာ သွားချေလေ့ ဆိုတော့ ဘာကြောင့် ဒီလို လုပ်ရမှာလဲလို့ မေးရင် ကျိုးကြောင်းဆီလျော်တဲ့ အဖြေရဖို့ဆိုတာ မလွယ်ဘူး။ ဒီနေရာမှာ ကျိုးကြောင်းဆီလျော် တဲ့အရာ ဆိုတာ သိပ္ပံနည်းကျ အကြောင်းရယ်၊ အကျိုးရယ် ရှိရမယ်လို့ ဆိုလိုတာပါ။ ဒါကြောင့် ဗေဒင်ယတြာ ဆိုတာကို ဝေးဝေးက ရှောင်ခဲ့တယ်။
ဇွန်လ ၁၀ ရက် ၂၀၁၂ ခုနှစ်...
နယုန်လဆုတ် ၆ ရက်၊ ၁၃၇၄ ခု....
ဗေဒင်မယုံသော ကျနော် မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့က ထုတ်တဲ့ မင်္ဂလာအခါပေး ဗေဒင်ပြက္ခဒိန်ကို လှန်ကြည့်နေမိတယ်။
"ပြဿဒါး နဂါးပေါ်
မဟာရက်ကြမ်း"
ဗေဒင်ပြက္ခဒိန်က အမှန်တွေပဲ ဟောနေလေသလား...
မွေးရပ်ဌာနီ စစ်တွေမြို့ဝယ် မီးညွှန့်တွေက ဟိုတစ သည်တစ တက်လို့။ နဂါးကြီးက မိုးမျှော်ထောင်တက်ပြီး စစ်တွေမြို့ကို အငြိုးနဲ့များ မီးစတွေ ပစ်ကြဲလေသလား...
ကောင်းကင်းတစ်ခုလုံးက မီးခိုးညစ်တွေနဲ့ မှိုင်းမှိုင်းအုံ့အုံ့...
ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်တောင်လေပြင်းတွေက စစ်တွေကမ်းခြေနားမှာ ရှိတဲ့ မြောက်စံပြရပ်ကွက်ကို ဒီအချိန်ဒီရာသီမှာ တိုက်မြဲဖြစ်ပေမယ့် ဒီနေ့တော့ ခါတိုင်းနဲ့မတူ။ လန်းဆန်းစင်ကြယ်တဲ့ အနောက်တောင်လေတွေ က သူနဲ့အတူ ညှော်စော်စော်အနံ့တွေကို ဆောင်ကြည်းယူလာကြတယ်။
မြောက်စံပြရပ်ကွက်ဟာ အနောက်စံပြရပ်ကွက်နဲ့ မိုင်ဝက်လောက်ပဲ ကွာတယ်။ မြောက်ဘက်ကို ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်လိုက်ရင် စစ်တွေဟော်တယ်နဲ့ ကမ်းခြေဆီကို ရောက်ပြီး စစ်တွေလေဆိပ်နဲ့ဆိုရင်လည်း အနီးလေးပါပဲ။ ၁၀ မိနစ်လောက် စက်ဘီးနင်းလိုက်ရင် ရောက်ပါတယ်။ အနားမှာ စစ်တွေဂေါက်ကွင်းလည်း ရှိတယ်။
ငယ်ငယ်တုန်းက ကျောင်းပိတ်ရက်တွေဆိုရင် မြောက်စံပြရပ်ကွက်ကို ဖြတ်ပြီး စစ်တွေဟော်တယ်နောက်နားက အုန်းတောတွေဆီ ရောက်တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက အရမ်းစိုပြေလှပပြီး အုန်းပင်တွေက လေအဝှေ့မှာ ယိမ်းနွဲ့ကလို့။ စက်ဘီးလေးတွေ ကိုယ်စီနဲ့ မြို့ထဲဘက်ကနေ စီးပြီးတော့ စစ်တွေဟော်တယ်လမ်းထဲကို ၀င်တော့ ပင်လယ်လေညှင်းလေးတွေက ဆီးကြိုကြတယ်။ စက်ဘီးကို အမြန်နှင်းပြီး ကုန်းလေးတစ်ခုကို ကျော်ကာ အရှိန်နဲ့ စက်ဘီးကို လက်လွတ်ပြီး ပင်လယ်လေညှင်းတွေကို ပြေးဖက်မိတယ်။ ငါတို့ရပ်ရွာ၊ ငါတို့ဒေသဟာ ကြယ် ၅ လုံး၊ ကြယ် ၆ လုံး ဟော်တယ်ရီဆော့တွေ မရှိပေမယ့် သဘာဝက ပေးတဲ့ အလှနဲ့ကိုယ် တင့်တယ်နေပါပြီ။
အခုတော့ သဘာဝက အလှဆင်ပေးထားတဲ့ ကျနော်တို့မြို့အလှပန်းချီကို လူတစ်ချို့က အနက်ရောက်ဆေး ကြမ်းတွေနဲ့ ရေးခြစ်ပစ်လိုက်ကြပြီ။ အကြောက်တရားတွေနဲ့ ဖုန်းလွှမ်းပစ်လိုက်ကြပြီ။ အနောက်စံပြရပ်ကွက်က တက်လာတဲ့ မီးခိုးလုံးကြီးတွေက ကလေးနဲ့ မိန်းမကို အိမ်ထဲမှာ ထောင်ချပစ်လိုက်ရပြီ။ ကျနော်တို့ နှစ်သက် ခုံမက်ခဲ့ရတဲ့ စစ်တွေဟော်တယ်လမ်းလေးက နာရီပိုင်းအတွင်းမှာ ကျနော်တို့ မလျှောက်ရဲတဲ့ အနက်ရောင် နယ်မြေအဖြစ်ကို ပြောင်းလဲသွားရရှာပြီ။ လေယာဉ်အတက်အဆင်းတွေနဲ့ မရိုးနိုင်တဲ့ မြောက်စံပြက ပြည်သူတွေ အခုတော့ အိမ်ကခွေး ဟောင်တဲ့ အခါတိုင်း အိမ်အပြင်ကို ထွက်ထွက်ကြည့်နေကြရပြီ။
အဘွား ဒေါ်ညိုဟာ မြောက်စံပြရပ်ကွက်မှာ နေထိုင်လာတာ နှစ်ပေါင်း၄၀ ကျော်ပါပြီ။ အသက် ၈၆ နှစ်ရှိပြီ ဖြစ်တဲ့ အဘွားဟာ သားသမီးမြေးတွေအနားမှာ ရှိပေမဲ့ အနောက်စံပြမှာ အိမ်တွေကို မီးရှို့နေတာကို တွေးပြီး ဘယ်တုန်းကနဲ့မှ မတူအောင် အရမ်းကြောက်နေရှာတယ်။
ဗေဒင်ဆရာက ဒီနှစ်မှာ ဂြိုလ်ဝင်တယ်လို့ ဟောထားတာကို တွေးပြီး ငါ့မြေး နောက်နှစ် မင်္ဂလာဆောင်ကို မှီမယ်မထင်ဘူးလို့ ဖုန်းဆက်တိုင်းပြောရှာတဲ့ အဘွားဟာ အခုတော့ အိပ်ယာပေါ်မှာ အကြောက်တရားတွေနဲ့ လဲကုန်ရှာပါပြီ။ အတိတ်က ပုံရိပ်တွေက သူ့ကို ထိုးထွင်းဝင်ရောက်ပြီး ခြောက်လန့်နေကြကုန်ပြီ။
၁၉၄၂ ခုနှစ်တုန်းက အဘွားဟာ ၁၆ နှစ်ပဲ ရှိသေးတယ့် အပျိုလေးပါ။ မြန်မာနိုင်ငံကို ဗိုလ်ချုပ်ဆောင်ဆန်း ဦးဆောင်တဲ့ ဘီအိုင်အေ တပ်မတော်နှင့် ဂျပန်တပ်မတော်တို့ အရှေ့ပေါက်ကနေ ၀င်ရောက်တိုက်ခိုက်လေတော့ အင်္ဂလိပ်တပ်တွေက အနောက်ပေါက်ကနေ ဆုတ်ခွာကြရတယ်။ အင်္ဂလိပ်ဆုတ်ခွာအပြီး ရခိုင်တိုင်းရဲ့ အုပ်ချုပ်ရေး မှာ လျော့ရဲပျက်ပြားနေတယ်။ ၁၉၄၂ ခုနှစ် ဧပြီလ ၅ ရက်နေ့မှာ ရန်ကုန်က ထွက်ခွာလာတဲ့ ဒုတိယဗိုလ်မှူးကြီး ရန်အောင် ဦးဆောင်တဲ့ ဗမာလွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) ဟာ စစ်ကြောင်းချီရာ မြို့အသီးသီးကို သိမ်းပြီး ရခိုင်တိုင်းကို အင်္ဂလိပ်လက်ဆီကနေ လွဲပြောင်းယူခဲ့ပါတယ်။
ဒါပေမယ့် အုပ်ချုပ်ရေးစနစ်တစ်ခု ဖြစ်ထွန်းတည်ငြိမ်လာဖို့ အချိန်တစ်ခုယူခဲ့ရတယ်။ အထူးသဖြင့် အနောက်ဘက် အစွန်ဆုံးနယ်စပ်က မောင်တော၊ ဘူးသီးတောင်မြို့တွေမှာ တရားဥပဒေစိုးမိုးမှု လျော့ရဲနေခဲ့တယ်။ အဲဒီစပ်ကြားမှာ အင်္ဂလိပ်တွေထားခဲ့တဲ့ လက်နက်အကြွင်းအကျန်တွေကို ပိုင်ဆိုင်ထားတဲ့ ဘင်္ဂလီခေါ်တောကုလားတွေဟာ အင်္ဂလိပ်ကို မတိုက်ပဲ ရခိုင်တွေကိုသာ တိုက်ပါတော့တယ်။ ဒေသခံရခိုင်ရွာများကို ဖျက်ဆီး၊ ဒေသခံရခိုင်သူများကို မုဒိမ်းကျင့်သတ်ဖြတ် စတဲ့ အကြမ်းဖက်လုပ်ငန်းတွေကို ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြတယ်။
ဘူးသီးတောင်၊ မောင်တောမြို့က ရခိုင်ရွာ ၁၉၅ ရွာကို သုတ်သင်ရှင်းလင်း ပစ်လိုက်ကြတယ်။ဘင်္ဂလီတွေ ရဲ့ လက်နက်အားကိုးအနိုင်ကျင့်မှုတွေကြောင့် အဲဒီတုန်းက မောင်တောမြို့မှာ နေထိုင်နေတဲ့ အဘွားတို့ မိသားစုလေး ဟာ ခွေးပြေးဝက်ပြေး ပြေးကြရတယ်။ ကောင်းကင် ကို ခြင်ထောင်၊ မြေပြင်ကို မွေ့ရာ အမှတ်နဲ့
တောထဲတောင် ထဲမှာ အိပ်ခဲ့ကြရတယ်။ အဘွားရဲ့တူမလေး (အစ်မ သမီး) ဟာ လမ်းခရီးမှာ အသက်ဆုံးရှုံးသွား ရ ရှာ တယ်။ ပြေးရင်းလွှားရင်းနဲ့ ပျောက်ဆုံးသွားခဲ့တဲ့ အဘွားအမရဲ့ ယောင်္ကျားဟာ အိမ်မပြန်နိုင်ခဲ့ရှာပါ ဘူး။ စောင့်ရင်းပေါ်မလာတဲ့ သူ့ယောင်္ကျားကို အလောင်းမပါပဲ အမျှချ ဆွမ်းကျွေးခဲ့ကြရတယ်။ သမီးဆုံး၊ လင်ဆုံး ခဲ့ရတဲ့ အဘွားရဲ့ အမဟာ ရူးမတတ်ခံစားခဲ့ရပါတယ်။
လက်ရှိမောင်တော အခြေအနေကို ကြားလိုက်တာနဲ့ချက်ချင်း အဲဒီ ထရောမာတွေက အဘွားဆီကို ချက်ချင်း ၀င်ရောက်လို့ သွားတယ်။ မောင်တောမြို့နားတ၀ိုက်က ကျန်ရှိတဲ့ ဆွေးမျိုးတွေအတွက် ပူပန်သောကရောက်ခဲ့ရ တယ်။ မောင်တောမြို့မြောက်ပိုင်းမှာ ဘင်္ဂလီအကြမ်းဖက်ကုလားတွေ မီးတိုက်ခဲ့တဲ့ (၁) ပြားသားရွာ၊ (၂) အောင်ဇေယျ၊ (၃) အောင်မင်္ဂလာ၊ (၄) ရေမျက်တောင်၊ (၅) ခြံပြင်၊ (၆) ကပ်ပကောင်း၊ (၇) သရက်အုပ်၊ (၈) အောက်ပြုံးမ၊ (၉) အထက်ပြုံးမ၊ (၁၀) နံ့သာတောင်၊ (၁၁) သင်္ဘောလှ စတဲ့ရွာတွေဟာ လယ်မြေတွေ အများကြီး ပိုင်ဆိုင်ခဲ့တဲ့ အဘွားတို့ မိသားစုဆွေးမျိုးတွေနဲ့ မစိမ်းခဲ့ပါဘူး။ မြို့တောင်ပိုင်းက မီးတိုက်ခံခဲ့ရတဲ့ (၁) ရွာသာယာ၊ (၂) ဝေသာလီ၊ (၃) ရွှေရင်အေး၊ (၄) ဆင်မကျက်၊ (၅) သရီကုန်ဘောင်၊ (၆) ခရေမြိုင်၊ (၇) ကိုင်းကြီး၊ (၈) မောရ၀တီ၊ (၉) ဥဒေါင်း၊ (၁၀) အလယ်သံကျော်တို့ဟာလည်း အဘွားတို့နဲ့ ရင်းနှီးနေပါတယ်။
အခုတော့ အဝေးက သောကတွေဟာ အနီးသို့ ထိုးစိုက်ဝင်ရောက်လာခဲ့ပါပြီ။ မိုင်ဝက်လောက်ပဲရှိတဲ့ အနောက်စံပြ ကနေ အဘွားရဲ့ နှစ်ပေါင်း ၄၀ ကျော်နေထိုင်လာခဲ့တဲ့ ဒီအိမ်လေးကို ခြိမ်းခြောက်နေလေပြီ။ ဖုန်းလိုင်းတွေဆီကနေ စီးနင်းဝင်ရောက်လာတဲ့ တခြားအရပ်က သတင်းတွေကလည်း ပြက္ခဒိန်က ဟောတဲ့ "မဟာရက်ကြမ်း" လို့ ခေါ် ရလောက်အောင် ဆိုးလွန်းနေပေတယ်။
ဒီလောကကြီးမှာ နေထိုင်လာတာ ၈၆ နှစ် ရှိသွားပြီဖြစ်တဲ့အတွက် မိမိအတွက် မစိုးရိမ်ပေမယ့် သမီးတွေ ၊ မြေးတွေအပေါ် ထားရှိတဲ့ သောကအပူမီးတွေကြောင့် အဘွားမှာ အိပ်ယာထဲ လဲရရှာပါပြီ။ နဂိုအခံရှိနေတဲ့ အဆုတ်က အနာကလည်း ဒုက္ခပေးလာပြန်တယ်။ ကာဖျူးထုတ်ထားတယ်ဆိုတော့ ဆရာဝန်ခေါ်လည်း လာနိုင်မှာ မဟုတ်ဘူး။
"မောင်တောကို စိတ်နာလို့ ငါတို့ စစ်တွေကို ပြောင်းလာခဲ့တယ်။ ငါတို့ ဆက်ပြီး ပြောင်းပေးရအုံးမှာလား။ ယာရှင်ကို မျှောက်နှင်နေတာ ဒီအတိုင်းပဲ နင်တို့ကြည့်နေကြမှာလား"မြေးတို့ ဘယ်လိုဖြေရ မ လဲ အဘွားရယ်။ ကြိုးစားနေပါတယ်လို့ ဆိုရုံနဲ့ မလုံလောက်တော့ဘူးဆိုတာ မြေးတို့နားလည်လာပါပြီ။ ။
မှတ်ချက်။ ။ အဘွား၏ အမည်အရင်းကို ပုဂ္ဂိုလ်ရေးရာအရ သုံးစွဲထားခြင်း မရှိပါ။
ဖုန်းများဆက်၍ အချက်အလက်များစုဆောင်းပေးသော ကိုထွန်းလှိုင်နဲ့ မ KWZ အား ကျေးဇူးတင်ပါသည်။
Source: Facebook
0 comments:
Post a Comment